ကျောက်ဆည်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် စုပေါင်းသွေးလှူဒါန်း

ကျောက်ဆည်  အောက်တိုဘာ   ၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် ခရိုင်ရဲတပ်ဖွဲ့ မှူး ဒုတိယရဲမှူးကြီးအောင်မင်းစိန် ဦးဆောင်မှုဖြင့် ရဲတပ်ဖွဲ့ဝင်များစုပေါင်း၍ ယနေ့နံနက်(၉)နာရီက အရာရှိ(၅)ဦး၊ အခြားအဆင့်(၁၄)ဦး၊ စာရေးဝန်ထမ်း(၃)ဦး၊ စုစုပေါင်း (၂၂)ဦးမှ  စုပေါင်းသွေးလှူဒါန်းခဲ့ ကြောင်း သိရသည်။

သွေးလှူဒါန်းရာတွင် အေသွေး(၅)လုံး၊ ဘီသွေး(၅)လုံး၊ အေဘီသွေး(၃)လုံး၊ အိုသွေး(၉)လုံး လှူဒါန်း နိုင်ခဲ့ပြီး လိုအပ်သည်များ ကူညီဖြည့်ဆည်းပေးနိုင်ရေးအတွက် ကျောက်ဆည်မြို့အထွေထွေရောဂါကု ပြည်သူ့ ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ပြီး အာဟာရပြည့် အချိုရည်များ၊ မုန့်များနှင့် ကြက်ဥများ ပေးအပ်ခဲ့ကြောင်းနှင့် လှူဒါန်းရရှိသော သွေးများကို အထွေထွေ ရောဂါကုပြည်သူ့ဆေးရုံကြီး၏ သွေးဘဏ်တွင် စနစ်တကျသိမ်းဆည်းထားပြီး သွေးလိုအပ်သည့် လူနာများအတွက် သုံးစွဲသွားမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)