နောင်ချို အောက်တိုဘာ ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၌Pilot Project အစီအစဉ်အရ ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ပေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဌာနနှင့်၊ စေတနာမွန်၊ ဖြူစင်မေတ္တာ လူမှုကူညီရေးအသင်း၊ ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့များက ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့က ကံကြီကျေးရွာအုပ်စုတွင် လူဦးရေ (၄၄)ဦးကို ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိစစ်ဆေးပေးခဲ့ရာ (၁၆)ဦးတွင် ရောဂါပိုးတွေ့ရှိခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
အဆိုပါပူးပေါင်းရေးအဖွဲ့များသည် မြို့နယ်အတွင်းကွင်းဆင်းရန် ကျန်ရှိသည့် ရပ်ကွက်၊ ကျေးရွာ များသို့ နောက်ရက်များတွင် ဆက်လက်ကွင်းဆင်း၍ ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ နောင်ချိုမြို့နယ်အနေဖြင့် အောက်တိုဘာလ ၃ ရက်နေ့ထိ ကိုဗစ်-၁၉ အတည်ပြုလူနာ (၃၃၇၉)ဦး၊ သေဆုံးသူ (၄၁)ဦး၊ဆေးရုံဆင်းခွင့်ရရှိသူ(၃၁၃၂)ဦး၊ကုသမှုခံယူနေဆဲ (၂၀၆)ဦး ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
ထွေးငယ် (ပြန်/ဆက်)