မိုင်းရယ်မြို့နယ်၌ ရပ်ကွက်၊ ကျေးရွာအတွင်းရှိအသက် (၁၈)နှစ်ပြည့်ပြီးဆေးထိုးနှံခွင့်ရှိသည့် အလွှာအသီးသီးမှပြည်သူများအားကာကွယ်ဆေးထိုးနှံ

မိုင်းရယ်  အောက်တိုဘာ ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ပြည်သူ့ဆေးရုံ၊ ဟိုတိကျေးလက် ကျန်းမာရေးဌာနခွဲ၊ လွယ်ငင်းကျေးလက် ကျန်းမာရေးဌာနခွဲ၊ မိုင်းဟမန်မုံတိုက်နယ်ဆေးရုံများတွင် ယမန်နေ့ နံနက်(၁၀)နာရီက စတင်ပြီးထိုးနှံပေးလျက်ရှိ ပါသည်။

အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ပြည်သူ့ဆေးရုံ၊ ဟိုတိကျေးလက် ကျန်းမာရေးဌာနခွဲ၊ လွယ်ငင်းကျေးလက် ကျန်းမာရေးဌာနခွဲ၊ မိုင်းဟမန်မုံတိုက်နယ်ဆေးရုံများတွင် (၈၂၁)ဦးကို ထိုးနှံပေးခဲ့ပြီး စက်တင်ဘာ (၃)ရက်နေ့ထိထိုးနှံပြီးသူပေါင်း (၃၅၇၀)ဦးထိုးနှံနိုင်ခဲ့ပါသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကိုကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ဆိုင်ရာ ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီစနစ်တကျ ကာကွယ်ဆေးထိုးနှံပေးရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် အတူပရဟိတနှင့် လူမှုရေးအသင်း အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဦးကျော်ဇင်ထိုက်