ဇီးကုန်းမြို့နယ်တွင် ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီများရောင်းချပေး
ပြည်သူများစားသုံးဆီကို သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ပြည်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်း ရှင်များအသင်းမှ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ယနေ့ နေ့လယ်(၁)နာရီက ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် အမှတ်(၁) ရပ်ကွက် ဂုံးလမ်း၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။