ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လမ်းသွားလမ်းလာပြည်သူများအား ကိုဗစ်-၁၉ ပိုး ရှိ/မရှိ အခမဲ့ စစ်ဆေးဆောင်ရွက်ခဲ့ရာ အမျိုးသားတစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လမ်းသွားလမ်းလာ ပြည်သူများအား ယနေ့နံနက် ၈ နာရီ အချိန် က မြို့မတောင်ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ကိုဗစ်-၁၉ ပိုး ရှိ/မရှိ (RDT) ဖြင့် အခမဲ့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက် ပေးခဲ့ရာ အမျိုးသားတစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။