လောင်းလုံး အောက်တိုဘာ ၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင် စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၁နာရီ၃၀မိနစ် အချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ဗထူးခန်းမ၌ ကျင်းပခဲ့ပါသည်။
အဆိုပါ ပေးအပ်ပွဲတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး မှ ဦးစီးအရာရှိ ဦးဉာဏ်ဝင်းမှပြောကြားရာ၌ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဉီးရေစာရင်းကို ရပ်ကွက်/ကျေးရွာများအရောက် ကွင်းဆင်း၍ မေလမှ စတင်ကာဆောင် ရွက်ပေးလျက် ရှိရာ မိမိတို့မွေးဖွားရာ ဇာတိတွင် အမြဲနေထိုင်ကာအိမ်ထောင်စုလူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ် မရှိသူများ၊လက်ရှိဇာတိတွင် အမြဲနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်းမရှိသူများနှင့်ရွေ့ပြောင်းနေသူများ အနေဖြင့်မူလဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့်ကိုင်ဆောင်လက်မှတ်မရှိသူများကို ပြုလုပ် ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း”ပြောကြားခဲ့ပါသည်။
ဆက်လက်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးအောင်ထိုက်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူး ရဲမင်းထွန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လောင်းလုံး မြို့နယ် ဦးစီးမှူးရုံးမှဦးစီးအရာရှိ ဦးဉာဏ်ဝင်းနှင့်တာဝန်ရှိသူများက ကျောက်နီမော် ကျေးရွာ ရှိပြည်သူများ အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၂၅) ခုအား ကျေးရွာအုပ်ချုပ်ရေးမှူး ထံသို့လွှဲပြောင်းပေးအပ် ခဲ့ကြောင်းသိရသည်။
သိန်းသိန်း( လောင်းလုံ)