မကွေး အောက်တိုဘာ ၂
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် ပန်းခင်းစီမံချက် လုပ်ငန်း အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် ခရိုင်/မြို့နယ်များမှ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးများအား ယမန်နေ့မွန်းလွဲ (၂)နာရီအချိန်က တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးတွင် တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း သိရသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်နှင့် အညီ ပြည်သူများအနေဖြင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုးရရှိရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာများ အလိုက် ကွင်းဆင်း၍ နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးလျက်ရှိရာ အရှိန်အဟုန်မြှင့် ဆောင်ရွက်စေလိုကြောင်း၊ ပြည်သူများပန်းခင်းစီမံချက်အကြောင်း ပိုမိုသိရှိစေရေးအတွက် ပန်းခင်းစီမံချက်အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေလျက်ရှိရာ ပြည်သူများ လက်ဝယ် အရောက်ဖြန့်ဝေစေလိုကြောင်း၊ ရပ်ကွက်/ကျေးရွာများရှိ အများပြည်သူ သွားလာမှု များ သောနေရာများတွင် ပန်းခင်းစီမံချက် ဆိုင်းဘုတ်များ စိုက်ထူရန် လိုအပ်ကြောင်းနှင့် နိုင်ငံတော်အစိုးရမှ အခြေခံပညာဦးစီးဌာနအောက်ရှိ အခြေခံပညာကျောင်းများတွင် ပညာ သင်ကြားနေ သောအသက်(၁၂)နှစ်အထက် အလယ်တန်း၊ အထက်တန်း ကျောင်းသား/သူ များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိရာ အဆိုပါ ကျောင်းသား/သူ များ အား နိုင်ငံသားစီစစ်ရေးကတ်များ စနစ်တကျ ဆောင်ရွက်ပေးနိုင်ရေး အတွက်လည်း ကြိုးပမ်းဆောင်ရွက်ကြရန် လမ်းညွှန်အမှာစကား ပြောကြားခဲ့ကြောင်း သိရ သည်။
ဆက်လက်၍ တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးညီညီဇော်က ခရိုင်/မြို့နယ်ဦးစီးမှူးများအနေဖြင့် မိမိတို့ခရိုင်/ မြို့နယ်ရုံးများရှိ ဝန်ထမ်းများ ကိုဗစ်-၁၉ရောဂါကူးစက်မှုမရှိစေရေး အထူးဂရုပြုဆောင်ရွက်ကြ ရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် ခရိုင်/မြို့နယ်ဦးစီးမှူးများမှ မိမိတို့ခရိုင်/မြို့နယ်အလိုက် ပန်းခင်းစီမံချက်ဖြင့် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် တွေ့ကြုံရ သော အခက်အခဲများအား ရှင်းလင်းတင်ပြခဲ့ကြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာ ဝန်ကြီးက လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိုစည်သူ(မကွေး)