လှိုင် အောက်တိုဘာ 2
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်မြို့နယ်၊အမှတ်(၁၂)ရပ်ကွက်၊ သိပ္ပံပစ္စည်းစက်ရုံဝန်း၊ လှိုင် ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာတွင် ယနေ့နံက် ၉နာရီ အချိန်က အသက်(၅၅)နှစ်မှ (၆၄)နှစ်အတွင်းရှိ ရပ်ကွက် နေပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား (ပထမအကြိမ်) ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် စုပေါင်း (၁၅၉၀)ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးဟန်ဝင်းလတ်နှင့် အဖွဲ့ဝင် များ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းများ ပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံရန် လာရောက်သူများအား ကိုယ်အပူချိန် တိုင်းတာ ပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး အဆင်ပြေ ချောမွေ့စွာ ကာကွယ်ဆေးထိုးနှံနိုင်ရန် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။လှိုင်မြို့နယ်အနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအား ကျန်ရှိနေသောပြည်သူလူထု များကိုလည်း ဆေးရရှိမှုအပေါ်မူတည်၍ ဆက်လက်ထိုးနှံ ပေးသွား မည်ဖြစ်ကြောင်း သိရပါသည်။
မြို့နယ်(ပြန်/ဆက်)