ပန်းတနော်မြို့၌ အပြည်ပြည်ဆိုင်ရာ ဘိုးဘွားများနေ့အထိမ်းအမှတ် အလှူငွေနှင့်စားသောက်ကုန်ပစ္စည်းများ လှူဒါန်း
အောက်တိုဘာ ၁ ရက်နေ့တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာဘိုးဘွားများနေ့အထိမ်းအမှတ်အဖြစ် ပန်းတနော်မြို့နယ် အောင်သပြေဘိုးဘွားရိပ်သာရှိ သက်ကြီးဘိုးဘွားများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့သော အလှူငွေနှင့်စာသောက်ကုန်ပစ္စည်းများကို ယမန်နေ့ မွန်းလွဲ ၃ နာရီကမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက သွားရောက်ထောက်ပံ့လှူဒါန်းခဲ့သည်။