လောင်းလုံး အောက်တ်ဘာ ၂
လောင်းလုံးမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ် ဒုတိယ(၃)လပတ်အတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့ နံနက်(၁၀) နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြူလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ထိုက်က အဖွင့်အမှာ စကား ပြောကြားပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ဦးစီးမှူး ဒေါ်ခင်ဖြိုးဝေက အသက်(၈၅)နှစ် အထက် သက်ကြီး ဘိုးဘွားများအား လူမှုရေးပင်စင်ပေးအပ် ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် သက်ကြီးဘိုးဘွားများအတွက် လူမှုရေးပင်စင်ငွေများအား လောင်းလုံးမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ၊မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်ထိုက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်( ၁)၊ ဗိုလ်မှူးရဲ မင်းထွန်း၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးမှူး၊ ဒေါ်ခင်ဖြိုးဝေနှင့်တာဝန်ရှိသူများမှ သက်ဆိုင်ရာ ရပ်ကွက် / ကျေးရွာ အုပ်စုများသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
အဆိုပါပေးအပ်မှုတွင် လူမှုဝန်ထမ်းဦးစီးဌာန ဘတ်ဂျက်ရန်ပုံငွေဖြင့် အသက်(၈၅)နှစ်အထက် သက်ကြီး ဘိုးဘွား များအား လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်ခြင်းဖြစ်ပြီး လောင်းလုံမြို့နယ်တွင် အသက် (၈၅)နှစ်အထက် သက်ကြီးဘိုးဘွား(၁၀၉၆)ဦးရှိပြီး လူမှုရေးပင်စင် ထောက်ပံ့ကြေးခံစားလျက်ရှိသည့် ဘိုးဘွားတစ်ဦးလျှင် (၃၀၀၀၀ိ/-)နှုန်းဖြင့် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်းသိရရှိသည်။
သိန်းသိန်း(လောင်းလုံး)