မင်းလှ အောက်တိုဘာ ၇
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်လမ်းညွှန်မှုဖြင့် သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါကာလအတွင်း စားဝတ်နေရေး အဆင်ပြေစေရန်အတွက် မိုဘိုင်းကားဖြင့် အောက်တိုဘာ ၆ ရက် နေ့လည်ပိုင်းက အမှတ်(၂) ကံဦးကွက်သစ်ရပ်ကွက်အတွင်း လှည့်လည်၍ အခြေခံစားကုန် စားသုံးဆီ တစ်ပိသာလျှင် (၃၇၅၀)ကျပ်နူန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ခြင်းကို မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်အရံမီးသတ် တပ်ဖွဲ့တို့ ပူးပေါင်းကာ အခြေခံစားကုန်များအား ကုန်ဈေးနှုန်းကြီးမြင့်မှု မရှိစေရေးအတွက် ဈေးနှုန်းသက်သာစွာဖြင့် စားသုံးဆီ တစ်ပိသာလျှင် (၃၇၅၀)ကျပ်နူန်း တစ်အိမ်ထောင်လျှင်(၁)ပိဿာစီ၊ စုစုပေါင်း ဆီပိဿာ (၄၈၀) ပိဿာကို ဒေသခံပြည်သူများကို ကိုဗစ်-၁၉ စည်း ကမ်းချက်နှင့်အညီ ရောင်းချပေးခဲ့ကြောင်း သိရသည်။
မင်းလှမြို့နယ်တွင် ပြည်သူများ စားသုံးဆီကို သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးနှင့် ဈေးကွက်အတွင်း စားသုံးဆီဈေးနှုန်း တည်ငြိမ်ရေးအတွက် ရည်ရွယ်ကာ ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့၏ အစီအစဉ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ပေါက်စ မင်းလှ