သီပေါ အောက်တိုဘာ ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် အောက်တိုဘာလ ၆ ရက်နေ့က ကိုဗစ်−၁၉ရောဂါပိုးတွေ့ အတည်ပြုလူနာ(၃)ဦးထပ်မံတွေ့ရှိရကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရသည်။
အောက်တိုဘာလ ၆ရက်နေ့ကသီပေါမြို့နယ်ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံတွင် Positive လူနာများ နှင့် ထိတွေ့ခဲ့သူများ၊ ဖျားနာသူများ(၁၈)ဦးအား COVID-19 Antigen RDT Test Kit ဖြင့်ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ(၄)ဦးတို့တွင်ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိရကြောင်း၊ အဆိုပါပိုးတွေ့လူနာများအား သီပေါမြို့နယ် ပြည်သူ့ဆေးရုံရှိ သီးသန့်ကုသကြပ်မတ်ဆောင်(Isolation Ward)တွင် ဆေးကုသနိုင်ရေး ဆောင်ရွက် ထားရှိကြောင်းနှင့် ၎င်းပိုးတွေ့လူနာနှင့်ထိတွေ့ဆက်စပ်သူများအား Home Quarantine ထားရှိကြောင်း သိရသည်။
သီပေါမြို့နယ်တွင်အောက်တိုဘာလ ၆ ရက်နေ့အထိ ကိုဗစ်-၁၉ရောဂါပိုးတွေ့အတည်ပြုလူနာပေါင်း (၁၄၈၄)ဦးရှိပြီး၊သေဆုံးသူ(၈၉)ဦးရှိပြီဖြစ်ကြောင်းနှင့် လက်ရှိမြို့နယ်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှု ခံယူနေသူ (၆၃)ဦး ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)