ရေကြည်မြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ

ရေကြည်   ‌ အောက်တိုဘာ   

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ရေကြည်မြို့နယ်၌ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများ အတွင်းရှိပြည်သူ များအိမ်ထောင်စုလူဦးရေစာရင်းစိစစ်ပေးခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရေကြည်မြို့နယ်ဦးစီးမှူး ဦးဇော်ဇော်ဝင်းနှင့် ဝန်ထမ်းများက ယမန်နေ့ နံနက်(၁၀) နာရီအချိန်က ဝါးရုံလဟာကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ပန်းခံစီမံချက်အရ ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဝါးရုံလဟာကျေးရွာအတွင်းရှိ လူဦးရေ(၄၁)ဦးအား နိုင်ငံသားစိစစ် ရေးကတ်ပြားများ ပြုလုပ်ပေးခြင်း၊ မှတ်ပုံတင်လဲလှယ်ပေးခြင်း၊ ပျောက်ဆုံး/ပျက်စီးသူများကို မိတ္တူပြုလုပ်ပေးခြင်း၊ ကျန်ရှိမှုမရှိ စေရေး သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးစည်းကမ်းချက်များ နှင့်အညီ ပြုလုပ်ပေးလျက်ရှိသည်။

အောင်သူဟန်  (ပြန်/ဆက်)