ဒေးဒရဲ အောက်တိုဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ပြည်သူများ ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးခြင်းကို ယနေ့ နံနက် ၇ နာရီက လူစည်ကားရာ နေရာများနှင့် မြို့မဈေးနေရာများတွင် တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ ကြကြောင်းသိရသည်။
အဆိုပါ အသိပညာပေးလုပ်ငန်းများကို မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ ကုန်တင်မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များနှင့် အနှေးယာဉ်များကိုယာဉ် စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အေဇာလင်း၊ ပြန်ဆက်