ဟိုပန်မြို့နယ်၌ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူ များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက်၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းစုရပ်တွင် ဟိုပန်မြို့ပေါ်(၁၀)ရပ်ကွက်နှင့် အနီးဝန်းကျင် ကျေးရွာများမှ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။