လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၌ ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အခြေခံစားသောက်ကုန် ဆန်၊ ဆီ၊ ကြက်ဥများအား ရွေ့လျားစျေးကားဖြင့် လှည့်လည် ရောင်းချ ပေးလျက်ရှိ

လှိုင်သာယာ(အရှေ့ပိုင်း) အောက်တိုဘာ ၃

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ကိုဗစ်၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိရေးနှင့် ရောဂါကာကွယ်ထိန်းချုပ်ရေး တို့အတွက် ရည်ရွယ်၍ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့၏ ဦးဆောင်မှုဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့ ပူးပေါင်း၍ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ် ရပ်ကွက်၊ ကျေးရွာများ အတွင်းသို့ အမှတ်()ရပ်ကွက်၊ ကျန်စစ်သားလမ်း၊ စျေးလေးမှတ်တိုင်တွင် ယမန်နေ့နံနက်ပိုင်း နာရီစ၍ ဆန်၊ ဆီ၊ ကြက်ဥများကို ရွေ့လျားစျေးကားဖြင့် စျေးနှုန်းသက်သာစွာ လှည့်လည် ရောင်းချပေး လျက်ရှိသည်။

ထိုသို့ ရောင်းချပေးရာ၌ စားရေးအခက်အခဲမရှိစေရန် ရည်ရွယ်၍  ရွေ့လျားစျေးကားပေါ်တွင် ရက်(၉၀)ဆန် ()ပြည်ပါ တစ်အိတ် (၅၀၀၀)ကျပ်နှုန်း၊ ပေါ်ဆန်းမွှေး ဆန်() ပြည်ပါ (၈၅၀၀) ကျပ်  ဆီရေသန့် တစ်ဘူးကို (၁၈၅၀)ကျပ် ကျန်စစ်သားလမ်း စျေးလေးမှတ်တိုင်တွင်    တစ်ဦးလျှင်  ဆန်()ပြည်ပါ  တစ်အိတ်၊ ဆီနှစ်ဘူး ကြက်ဥ နှစ်ကဒ်  စသည့်တို့ကို ရောင်းချ ပေးခဲ့သည်။ 

အဆိုပါ စားသောက်ကုန် ဆန်၊ ဆီ၊ ကြက်ဥများအား စျေးနှုန်းချိုသာစွာဖြင့် ရောင်းချ ပေးရာတွင် ကိုဗစ်၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ဝယ်ယူနိုင်ရေးအတွက် မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့် ဝန်ထမ်းများက ပူးပေါင်း ဆောင်ရွက်ခဲ့ပြီး လာမည့် တနင်္လာနေ့တွင်လည်း အသား၊ ငါးများ ရောင်းချပေးသွားမည် ဖြစ်ကြောင်းကိုလည်း  လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် စည်ပင်သာယာရေး အဖွဲ့အမှုဆောင် အရာရှိ ဦးဝင်းနိုင်ထံမှ သိရသည်။

လှိုင်သာယာ(အရှေ့ပိုင်း)(ပြန်/ဆက်)