သံဖြူဇရပ် အောက်တိုဘာ ၁၁
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် ကျုံကရုတ်ကျေးရွာအုပ်စု၌ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးရဲလင်းအောင် ဦးဆောင်၍ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေး လုပ်ငန်းများကို အောက်တိုဘာလ ၈ ရက်နေ့ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ ကျုံကရုတ် ကျေးရွာအုပ်စု၌ ကွင်းဆင်း ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အဆိုပါ " ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားကွင်းဆင်း ဆောင်ရွက်ခြင်းကို ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ညွှန်ကြားချက်နှင့်အညီ ၁၀ နှစ်အထက် နိုင်ငံသားကတ်ကိုင်ဆောင်မှု ၃(က)တွင် ကျား(၇)ဦး၊ မ(၁၁)ဦး၊ ၁၈ နှစ်နှင့် အထက်နိုင်ငံသား ကတ်ကိုင်ဆောင်မှု ၆(က)တွင် ကျား(၁၂)ဦး၊ မ ( ၁၆ )ဦး၊ ၁၀နှစ်မှ ၁၈နှစ်ပြည့် လဲလှယ်တွင် ကျား(၁၆)ဦး၊ မ(၁၆)ဦးနှင့် ပျောက်ဆုံး၊ ပျက်ဆီးထုတ်ပေးခြင်းတွင် ကျား(၁၄)ဦး၊ မ(၁၃)ဦးကတ် အမျိုးမျိုး ဆောင်ရွက်ပေးလျက်ရှိရာ ကျုံကရုတ် ကျေးရွာ အုပ်စုတွင် ကျား(၄၉)ဦး၊ မ(၅၆)ဦးနှင့် စုစုပေါင်း (၁၀၅)ဦး ဆောင်ရွက်ပေးပြီး ဖြစ်ကြောင်း သိရသည်။
သီတာဝင်း (ပြန်/ဆက်)