ကျောင်းကုန်း အောက်တိုဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေး စီမံချက် (ဒုတိယအဆင့်)အရ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်ရှိ လူသန့်ချောင်ကျေးရွာအုပ်စု ရေတွင်း ကန့်လန့်ကျေးရွာတွင် တပ်ဆင်ထားသော ကိုယ့်အားကိုယ်ကိုး ကျေးရွာလျှပ်စစ်မီးခလုတ်အား ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်၍ လူသန့်ချောင်ကျေးရွာ၌ တပ်ဆင်ထားသော လျှပ်စစ်မီးခလုတ်အား ဖွင့်လှစ်ပေးခဲ့ပြီး၊ ကျေးရွာဒေသ ခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ အားပေးစကားပြောကြားခဲ့သည်။ ထို့နောက် လူသန့်ချောင်ကျေးရွာရှိ ဇနက္ကာရာ မကျောင်းတိုက်၏ ပဓာနနာယကဆရာတော် ဘဒ္ဒန္တ ဥူးရေဝတအား ဖူးမြှော်ကြည်ညိုကာ ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ တိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာ ဦးကြီးဇေယျ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်တာဝန်ခံအင်ဂျင်နီယာ ဦးငြိမ်းချမ်းအောင်နှင့် လူသန့်ချောင် ကျေးရွာမီးလင်းရေးကော်မတီ ဝင်များ တက်ရောက်ခဲ့ကြသည်။
ကျောင်းကုန်းမြို့နယ် လူသန့်ချောင်ကျေးရွာရှိ အိမ်ခြေ(၁၁၆)အိမ်ထောင်စု(၁၂၃)ဦးမှ (၄၀၀)ဗို့လိုင်း အတွက် ကုန်ကျငွေကျပ်သိန်း (၁၃၀)နှင့် ရေတွင်းကန့်လန့်ကျေးရွာရှိ အိမ် ခြေ(၁၅၀)၊ အိမ်ထောင်စု (၁၆၁) ဦးမှ(၄၀၀) ဗို့လိုင်းအတွက် ကုန်ကျငွေကျပ်သိန်း(၁၂၀) တို့ဖြင့် မြို့နယ်လျှပ်စစ်ဓာတ်အား လုပ်ငန်းမှ ရာနှူန်းပြည့်တပ်ဆင်ပြီးစီးပြီဖြစ်ရာ ယနေ့မှစ၍ လျှပ်စစ်ဓာတ်အား စတင်သုံးစွဲလို့ရပြီဖြစ်သဖြင့် ဒေသခံပြည်သူများ ဝမ်းသာနေကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)