မိုင်းရယ် အောက်တိုဘာ ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ယမန်နေ့က မိုင်းရယ်မြို့၊ နမ့်ရယ်ခန်းမနှင့် မိုင်းဟိန်းဘုန်းတော်ကြီးကျောင်း၊ မန်ကြူ ဘုန်းတော်ကြီးကျောင်း၊ ကောင်းမောင်ဘုန်း တော်ကြီးကျောင်း၊ ဟိုယကျေးလက်ကျန်းမာရေးဌာနခွဲ၊ လွယ်ငင်းကျေးလက် ကျန်းမာရေးဌာနခွဲတို့တွင် အသက်(၁၈)နှစ်အထက်ရှိသူများအား တတိယအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး အသီးသီး ထိုးနှံပေးခဲ့သည်။
မိုင်းရယ်မြို့နယ်တွင် အသက်(၁၈)နှစ်အထက် တတိယအသုတ် ပထမအကြိမ်ထိုးနှံရမည့် ဦးတည်အုပ်စုအလိုက် ကာကွယ်ဆေးထိုးနှံမှုတွင် ကာကွယ်ဆေးထိုးနှံပြီးစီးသူ ၁၄၃၅ ဦးရှိပြီး တတိယအသုတ် ပထမအကြိမ် ထိုးနှံပြီးသူပေါင်း ၁၇၁၀ဉီးဖြစ်ပါသည်။ ဆေးထိုးနှံရန် ကျန်ရှိသူများကို ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီမှ သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးစိုးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကမ်းမယ့်လက် ပရဟိတအဖွဲ့များ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျော်ဇင်ထိုက်