လားရှိုး အောက်တိုဘာ ၁၁
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့၌ အသက်(၁၂)နှစ်ပြည့်ပြီးသော အလယ်တန်း၊ အထက်တန်းကျောင်းသား၊ ကျောင်းသူများကို Phase 3 (OCT-NOV) First Dose အစီအစဉ်ဖြင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ယနေ့ နံနက် (၁၀) နာရီအချိန်က လားရှိုးမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်းမတွင် ကျင်းပ ပြုလုပ်ကြောင်း သိရသည်။
အဆိုပါကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများအတွက် လားရှိုးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးကြပ် ဆောင်ရွက်ပြီး သက်ဆိုင်ရာဌာနများပါဝင်ကာ ဆေးထိုးအုပ်စု (၅) အုပ်စုဖြင့် ဆေးထိုးစုရပ် (၈) ခုတိုတွင် ထိုးနှံပေးသွားမည် ဖြစ်သည်။
ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးပေးမည့်အစီအစဉ်၌ လားရှိုးမြို့နယ်အုပ်ချုပ်ရေးမှူးက ဥက္ကဋ္ဌအဖြစ်တာဝန်ယူပြီး လားရှိုး မြို့နယ်ပညာရေးမှူးရုံးမှ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကာ ဆေးထိုးပေးခြင်းလုပ်ငန်းများကို မြို့နယ်ကျန်းမာရေး ဦးစီးဌာန ကြီးကြပ် ဆောင်ရွက်ပြီး လားရှိုးမြို့ရှိ အထက(၁)၊ အထက(၆)၊ အထက(၄)၊ အထက(၅)၊ အထက(၃)၊ နောင်မွန် အထက၊ နမ့်ပေါင်အထက၊ တာပုံ အလက(ခွဲ)တို့တွင် ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဟန်ဌေး