ပုလောမြို့နယ်၌ အသက်(၁၂)နှစ်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးရေး အသိပေး မြေစိုက်ပိုစတာများ စိုက်ထူ

ပုလော   အောက်တိုဘာလ   ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် အတွင်းရှိ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ကျောင်း အပ်နှံ ထားပြီးဖြစ်သော အသက်(၁၂)နှစ်အထက် ကျောင်းသား/သူများကို (ပထမ)အကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ဆေးထိုးအုပ်စု(၅)ခုဖြင့် ထိုးနှံပေးမည်ဖြစ်ရာ ကျောင်းသူ/ သားများနှင့် ကျောင်းသားမိဘများ/အုပ်ထိန်းသူများ ကြိုတင်သိရှိပြီး ကလေးများနှင့် အတူ လာရောက်၍ ကာကွယ်ဆေးထိုးနှံနိုင်ရန်အတွက် အသိပေးမြေစိုက် ပိုစတာများကို ယမန်နေ့က စတင်စိုက််ထူကြေညာပေးကြောင်း သိရသည်။

ထိုသို့ စိုက်ထူရာတွင် ပုလောမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်စိုး၏ ကြီးကြပ်မှု ဖြင့် မြို့နယ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်မှု ကော်မတီက အခြေခံပညာကျောင်းများနှင့် လူစည်ကားရာ နေရာများ၌ ကာကွယ်ဆေးဖြင့် လွှမ်းခြုံအပ်သော အနာဂတ် ပန်းခင်းများဆီသို့ အသိပေးမြေစိုက် ပိုစတာများကို စိုက်ထူးခဲ့ ကြောင်း သိရသည်။

ပုလောမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ကျောင်းအပ်နှံထားပြီးဖြစ်သော အသက်(၁၂) နှစ်အထက် ကျောင်းသား/သူ အလယ်တန်းအဆင့်တွင် (၂၈၆၅) ဦး၊ အထက်တန်းအဆင့်တွင် (၆၁၇) ဦး၊ စုစုပေါင်း (၃၄၈၂) ဦးကို ဆေးထိုးရန် စုရပ်  ၂၆ နေရာ သတ်မှတ်၍ ဆေးထိုးအုပ်စု (၅) အုပ်စုခွဲကာ ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။

အေးအေးမော် (ပုလော)