ရေကြည်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြည်သူများထံပေးအပ် ပွဲအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း တက်ရောက်

ရေကြည်   အောက်တိုဘာ   ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၌ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စု များသို့ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်ဇော်ဝင်းနှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးထားသည့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ပြည်သူများထံ ပေးအပ်ပွဲအခမ်းအနား ကို ယမန်နေ့ညနေ()နာရီ အချိန်က စိမ်းလဲ့ရေကြည် ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပန်းခင်းစီမံချက်ဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု (၁၀)စုအား တာဝန်ရှိသူများမှ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ရာ အသက်(၁၆)နှစ်မှ အသက် (၁၈)နှစ်ကြား (၂၂၃) ဦး၊ အသက်(၁၈)နှစ်အထက် (၆၃၆)ဦး စုစုပေါင်းနိုင်ငံသား စိစစ်ရေးကတ် ပြား (၈၅၉) ဦးနှင့် အိမ်ထောင်စုလူဦးရေစာရင်း(၈၂)စုအား ဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ၊ အိမ်ထောင်စု လူဦးရေစာရင်းများကို ဝန်ကြီးချုပ်မှပြည်သူများ ထံအသီးသီးပေးအပ်ခဲ့ပြီး ဒေသခံပြည်သူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

အောင်သူဟန်  (ပြန်/ဆက်)