မကွေးတိုင်းဒေသကြီး Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနေ့စဉ် လုပ်ငန်းညှိနှိုင်း အမှတ်စဉ် (၃၅/၂၀၂၁) အစည်းအဝေးကျင်းပ

မကွေး အောက်တိုဘာ ၁၁

မကွေးတိုင်းဒေသကြီး Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနေ့စဉ် လုပ်ငန်းညှိနှိုင်း အမှတ်စဉ် (၃၅/၂၀၂၁) အစည်းအဝေးကို ယနေ့နံနက် နာရီက မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့ရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင် တက်ရောက် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

အခမ်းအနားအတွင် တိုင်းဒေသကြီး ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကား ပြောကြားရာတွင် တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှုများ လျော့နည်းလာပြီ ဖြစ်ကြောင်း၊ ယခုအခါ ကာကွယ်ဆေးထိုးမှု လုပ်ငန်းအနေဖြင့် အပိုင်း()ပိုင်းခွဲ၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပထမပိုင်း အနေဖြင့် အသက်(၁၂)နှစ် အခြေခံပညာ အထက်တန်း၊ အလယ်တန်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေးနှင့် ပြည်သူများအားလုံး ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံရေး စည်းရုံးခြင်း၊  လှုံ့ဆော်ခြင်းများနှင့် ကာကွယ်ဆေးထိုးသည့် အဖွဲ့များအနေဖြင့်လည်း လိုအပ်ပါက Mobile System ဖြင့် ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများအား ဆောင်ရွက်ရမည် ဖြစ်ကြောင်းနှင့် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များအလိုက်  တိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ဆောင်ရွက်ထားရှိသော အောက်ဆီဂျင်စက်ရုံများ အောက်တိုဘာလ တတိယပတ်အတွင်း စက်ရုံများအားလုံး တပ်ဆင်လည်ပတ်နိုင်မည် ဖြစ်သောကြောင့် ပြည်သူများ အောက်ဆီဂျင်ပြတ်လပ်မှု မရှိစေရေး အပြည့်အဝ ဆောင်ရွက် နိုင်ပြီဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် သက်ဆိုင်ရာ ခရိုင်များအလိုက် တာဝန်ပေးအပ်ထားသည့် ကော်မတီဝင်များက ခရိုင်/မြို့နယ်များတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှု အခြေအနေများ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် နေ့စဉ်လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို လည်းကောင်း ရှင်းလင်း တင်ပြဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးမှူးက တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များအလိုက် ဒေသခံ ပြည်သူများအား ကိုဗစ်-၁၉ကာကွယ် ဆေးများထိုးနှံပေးမှု အခြေအနေများနှင့် ထိုးနှံပြီးစီးမှု အခြေအနေများကို လည်းကောင်း၊ တိုင်းဒေသကြီး ပညာရေးမှူးက အသက်(၁၂)နှစ် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ကာကွယ်ဆေးများ ထိုးနှံပေးနိုင်ရေး လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို လည်းကောင်း၊ တိုင်းဒေသကြီး ပြန်/ဆက် ဦးစီးမှူးက ပြည်သူများအား ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံရေး အသိပညာပေးလှုံ့ဆော် ဆောင်ရွက်ထားရှိမှုများကို လည်းကောင်း၊ ဌာနဆိုင်ရာများက ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်၍ လုပ်ငန်းဆောင်ရွက်နိုင်မှု အခြေအနေများကို ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီး ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုလျော့ချရေး လုပ်ငန်းစဉ်များ ဆက်လက်ပြီး ဝိုင်းဝန်း ပူးပေါင်းဆောင် ရွက်ကြရန်နှင့် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များအား အချိန်နှင့် တစ်ပြေးညီ လိုက်နာဆောင်ရွက် သွားကြရန် လမ်းညွှန်မှာကြား ခဲ့ကြောင်း သိရသည်။

ကိုစည်သူ(မကွေး)