ပန်လုံ အောက်တိုဘာလ ၃
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့တွင် အသက် (၁၈)နှစ်ထက်ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ် ဆေး(Vero Cell)ကို ယမန်နေ့၊ နံနက် ၁၀ နာရီအချိန်က ပန်လုံမြို့၊ အခြေခံပညာအထက်တန်းကျောင်း(အ.ထ.က)စုရပ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထိုးလုပ်ငန်းကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသိန်းက အနီးကပ် ကြီးကြပ်၍ မြို့အဆင့်ဌာနဆိုင်ရာများက ပူပေါင်းဆောင်ရွက်ပေးခဲ့ကြပြီး ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာနဝန်ထမ်းများ၊ တာဝန် ကျဌာန ဆိုင်ရာများက ကာကွယ်ဆေးထိုးမည့်သူများအား တစ်ဦးနှင့် တစ်ဦး(၆)ပေ အကွာနေရာ သတ်မှတ် ပေးခြင်း၊ လက်သန့်ဆေးရည်ဖြင့်လက်ဆေးပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ စာရင်း သွင်းခြင်း တို့ကို စနစ်တကျစီစဉ်ကာ ကာကွယ်ဆေးထိုခြင်းလုပ်ငန်းကို အချိန်တိုအတွင်း ပြီးမြောက် အောင် ဆောင်ရွက်ပေးခဲ့သည်။
ယနေ့တွင် ပန်လုံမြို့မှ အသက်(၁၈)နှစ်အထက် သံဃာတော် (၃)ပါးနှင့် ကျား (၂၁၇ )ဦး၊ မ(၁၈၅)ဦး၊ စုစုပေါင်း (၄၀၅) ဦးတို့အားထိုးနှံပေးခဲ့ကြောင်း မြို့စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌထံမှသိရ သည်။
ပန်လုံ(ပြန်/ဆက်)