ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ပျံ့နှံ့မှုမရှိစေရေးအတွက် အရှိန်အဟုန်မြှင့်နေ့စဉ် စစ်ဆေးဆောင်ရွက်ခြင်းများပြုလုပ်

ဘူးသီးတောင်  အောက်တိုဘာ ၃

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ပျံ့နှံ့ မှုမရှိစေရေးအတွက် အရှိန်အဟုန်မြှင့်စစ်ဆေးဆောင်ရွက်ခြင်းကို ဘူးသီးတောင်-မောင်တော မြို့ဝင်စစ်ဆေးရေးဂိတ်၌နေ့စဉ်ပုံမှန် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 အဆိုပါ စစ်ဆေးဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့်ဌာနဆိုင်ရာ အကြီးအကဲများအားအဖွဲ့(၇)ဖွဲ့ခွဲ၍ ဘူးသီးတောင်-မောင်တောမြို့ဝင်စစ်ဆေးရေးဂိတ်၌ စျေးရောင်း/ စျေးဝယ်လာသူများ၊ ခရီး သွားပြည်သူများအား အပူချိန်တိုင်းတာခြင်း၊ (Mask) တပ်ဆင်မှုရှိ/မရှိ စစ်ဆေးခြင်းတို့ကို ပြုလုပ်ကာ(mask)မတပ်ဆင်သူများအား (mask)တပ်ဆင်ပြီးမှ သွားလာကြရန်နှင့် စျေးရောင်း/စျေးဝယ်သူများမှလည်း(mask)တပ်ဆင်ပြီးမှ စျေးရောင်း/စျေးဝယ်ပြုလုပ်ကြရန် အသိပညာပေးခြင်းများကိုနံနက် (၈)နာရီမှ ညနေ (၄) နာရီထိ နေ့စဉ်ပုံမှန် စစ်ဆေးဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

 လှကျော်(ပြန်/ဆက်)