မိုင်းရယ် အောက်တိုဘာ ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် ဆေးထိုးရန် ကျန်ရှိသည့် နိုင်ငံ့ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများ၊ မြို့ပေါ်ရပ်ကွက်၊ ကျေးရွာအတွင်းရှိအသက်(၁၈) နှစ်ပြည့်ပြီးသူများ၊ စားသောက်ဆိုင်၊ ဈေးဆိုင်နှင့်ကုန်ပစ္စည်းများ ရောင်းချသူများ၊ ရွှေ့ပြောင်း လူအုပ်စုနှင့် ယာယီစခန်းမှ လူပုဂ္ဂိုလ်များ၊ အခြားဝင်ငွေရှိသောလုပ်ငန်း လုပ်ကိုင်သူများ၊ မသန်စွမ်းသူများနှင့် နာတာရှည်ရောဂါရှိသူများ စသည့် အလွှာလွှာ အသီးသီးမှ ပြည်သူများအား ယမန်နေ့နံနက် ၁၀ နာရီက ကာကွယ်ဆေး စတင်ထိုးနှံ ပေးလျက် ရှိသည်။
မိုင်းရယ်မြို့နယ်အတွင်း၌ မိုင်းရယ်မြို့၊ နမ့်ရယ်ခန်းမတွင်(၂၈၀)ဦး၊ မန်ပုံကျေးလက် ကျန်းမာရေးဌာနခွဲ၊ ဟိုယကျေးလက် ကျန်းမာရေးဌာနခွဲ၊ နောင်မိုကျေးလက် ကျန်းမာရေး ဌာနခွဲများတွင် (၅၇၅)ဦးကို ထိုးနှံပေးခဲ့ပြီး စုစုပေါင်း (၈၅၅)ဦးထိုးနှံနိုင်ခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေး ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါဆိုင်ရာ ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ ကာကွယ်ဆေး ထိုးနှံပေးရာ ကျန်းမာရေး ဝန်ထမ်းများ နှင့်အတူ ပရဟိတနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ပါဝင်ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)