မုံရွာမြို့နယ်အတွင်းရှိ (၅၅)နှစ်အထက် ပြည်သူများနှင့်ဦးတည်အုပ်စုများမှ ပြည်သူများအား  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအသုတ်(ပထမအကြိမ်)ထိုးနှံပေး

မုံရွာ အောက်တိုဘာ ၃

  စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်အတွင်းရှိ (၅၅)နှစ်အထက် ပြည်သူများနှင့် ဦးတည်အုပ်စု များမှ ပြည်သူများအား  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအသုတ် (ပထမအကြိမ်) ထိုးနှံပေးခြင်းကို အောက်တိုဘာလ()ရက်၊ နံနက်()နာရီမှနေ့လယ်()နာရီအထိ တက္ကသိုလ် ဓမ္မာရုံတွင် ကျား(၅၂)ဦး၊ မ(၆၈)ဦး၊ ပေါင်း(၁၂၀)ဦး၊ အမက(၂၉)၊ မုံရွာတောင်ရပ်ကွက်တွင် ကျား(၂၉)ဦး၊မ(၂၆) ဦး၊ပေါင်း(၅၅)ဦး၊ ရွှေစည်းခုံသာသနာ့ဗိမ္မာန်တော်တွင် ကျား (၈၄)ဦး၊ မ(၁၃၁)ဦး၊ ပေါင်း(၂၁၅)ဦး နှင့် အထက(၂)တွင် ကျား(၈၃)ဦး၊ မ(၈၇)ဦး၊ ပေါင်း(၁၇၀)ဦး စသည့်သတ်မှတ်နေရာ()ခုတွင် ကျား(၂၄၈)ဦး၊ မ(၃၁၂)ဦး၊ ပေါင်း(၅၆၀)ဦး တို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအသုတ် (ပထမအကြိမ်) ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။

  အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို   မုံရွာမြို့နယ်အတွင်းမှ ပြည်သူများအား ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက် များနှင့်အညီ ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် စေတနာ့ ဝန်ထမ်းများပူးပေါင်းကာ စနစ်တကျ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)