ထန်းတပင်၌ပန်းခင်းစီမံချက်ဖြင့်ကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကွင်းဆင်းပြုလုပ်ပေး

ထန်းတပင်  အောက်တိုဘာလ

ပန်းခင်းစီမံချက်ဖြင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင် မြို့နယ်ဦးစီး မှူးရုံးမှဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများအရောက် ကွင်းဆင်းပြုလုပ်ဆောင်ရွက် ပေးလျက်ရှိပြီး ယမန်နေ့ နံနက်ပိုင်းက အတွင်းရေကျော် ကျေးရွာအုပ်စုသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။

ပန်းခင်းစီမံချက်ဖြင့် ကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ် ပေးနေမှုအခြေအနေများကိုလည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဇေယျာလင်း နှင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များက ကြည့်ရှုအားပေးဆောင်ရွက်ခဲ့ကြကြောင်းသိရပြီး ကွင်းဆင်းပြုလုပ်ဆောင် ရွက်ပေးရာတွင်လည်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန ထန်းတပင်မြို့နယ် ဦးစီးမှူး ရုံးမှ မြို့နယ်ဦးစီးမှူး ဦးခင်ဆွေနှင့်ဝန်ထမ်းများက အတွင်းရေကျော်ကျေးရွာအတွင်းရှိ အသက်(၁၀) နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားသူ(၃)ဦး၊ အသက်(၁၈)ပြည့်နိုင်ငံသား စိစစ်ရေး ကတ်ပြားလျှောက်ထားသူ (၉၇)ဦး၊ မိတ္တူလျှောက်ထားသူ (၁)ဦး စုစုပေါင်းကျေးရွာနေပြည်သူ(၁၀၁)ဦး တို့ကို နိုင်ငံသား စိစစ်ရေးကတ်ပြားများပြုလုပ်ပေးနိုင်ခဲ့ကြောင်းသိရသည်။

ထန်းတပင်မြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ဆောင်ရွက်ပေးခြင်းကို မေလ()ရက် နေ့မှစတင်၍ ဆောင်ရွက်ပေးလျက်ရှိပြီး အောက်တိုဘာလ(၂)ရက်နေ့အထိ ရပ်ကွက်ကျေးရွာနေပြည်သူ (၂၃၀၃)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပြုလုပ် ဆောင်ရွက်ပေးနိုင်ခဲ့သလို ဆောင်ရွက်ရန် ကျန်ရှိနေသေးသည့် ရပ်ကွက်၊ ကျေးရွာအုပ်စုများ ကိုလည်း ဆက်လက်၍ ကွင်းဆင်းပြုလုပ်ဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရ သည်။                                                            

ဇင်မင်းထိုက်