လောင်းလုံး အောက်တိုဘာ ၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် အပတ်စဉ်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီ အချိန်က လောင်းလုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဗထူးခန်းမ၌ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အစည်းအဝေးတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးအောင်ထိုက်က အမှာစကားပြောကြားရာ၌ မြို့နယ်အတွင်းရှိဌာနဆိုင်ရာများအနေဖြင့် မိမိတို့၏ လုပ်ငန်းများမှ ကိန်းဂဏန်းတွေ မှန်ကန်မှု တူညီမှုရှိအောင် ပြုလုပ်စေချင်လိုကြောင်း၊ ကျောင်းအပ်လက်ခံပြီးသော ကျောင်းသား/ ကျောင်းသူများအား ကျောင်းပြန်လည် တက်ရောက် ချိန်တွင် ကောင်းမွန် စွာကျောင်းတက်ရောက်နိုင်ရေးအတွက်အသက် ၁၂ နှစ်အထက် ကျောင်းသား၊ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး စီစဥ်ဆောင်ရွက်ရန် ပြောကြားပြီး၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဗိုလ်မှူးရဲမင်းထွန်းက ဒေသဖွံ့ဖြိုးတိုးတက် ရေးအတွက် မိမိတို့လိုအပ်ချက်များကို ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည်ဟုပြောကြားသည်။
ဆက်လက်၍ မြို့မရဲစခန်းမှရဲမှူးမင်းကိုက ကား/ ဆိုင်ကယ်လိုင်စင်များ စစ်ဆေးမည်ဖြစ်ပါ၍ မပြုလုပ်ရသေးသူများ ပြုလုပ်ဆောင်ရွက်ကြပါရန် ပြောကြား၍ တက်ရောက်လာကြသော ဌာနဆိုင်ရာများက မိမိတို့ဌာနလုပ်ငန်းအကြောင်းများကို တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။
လောင်းလုံး( ပြန်/ ဆက်)