စဉ့်ကိုင်မြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိ

စဉ့်ကိုင်   အောက်တိုဘာ  - ၄

မန္တလေးတိုင်းဒေသကြီး၊    ကျောက်ဆည်ခရိုင် ၊   စဉ့်ကိုင်မြို့နယ်အတွင်     အသက်(၁၈)နှစ် အထက် ကိုဗစ် − ၁၉ ရောဂါ ကာကွယ်ဆေး    တစ်ကြိမ်မျှ ထိုးနှံခြင်း   မရှိသေးသည့်  ပြည်သူများအား  ပထမအကြိမ် ကာကွယ်ဆေးများအား ယနေ့ နံနက်(၉)နာရီမှ စတင်၍ ပထမအကြိမ် ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်းသိရသည်။

ထိုသို့   ကာကွယ်ဆေးများထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒု မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး   ဒေါက်တာသိမ့်အိသူ  (ပြည်သူ့ကျန်းမာ)နှင့်  ကျန်းမာရေး၀န်ထမ်းများ၊  မြို့နယ်အထွေထွေအုပ်ချုပ်ရေး  ဦးစီးဌာနမှ  ၀န်ထမ်းများ၊    မီးသတ်တပ်ဖွဲ့၀င်များ၊     မြို့နယ် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့၀င်များ၊ ပရဟိတအသင်းအဖွဲ့၀င်များ၊ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍  အသက်(၁၈)နှစ် အထက်နှင့်  ကာကွယ်ဆေးတစ်ကြိမ်မှ ထိုးနှံဖူးခြင်းမရှိသေးသည့် ပြည်သူများအား  ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ကူးစက်ရောဂါကူးစက်  ပြန့်ပွားမှုမဖြစ်စေရေး၊  ကြိုတင် ကာကွယ်တားဆီးနိုင်စေရန်နှင့် ရောဂါကူးစက်မှုလျော့နည်း စေရေးအတွက် သက်ဆိုင်ရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍   ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ ရပ်ကွက် / ကျေးရွာအုပ်ချုပ်ရေးမှူးများ၊  ပရဟိတအဖွဲ့၀င်များနှင့်   ပူးပေါင်းပြီး ပြည်သူများလိုက်နာစေရန်၊   အသံချဲ့စက်များ၊  Hand  Spaker  ဖြင့်  လှည့်လည်ပြီး အသိပညာပေးနှိုးဆော်ခြင်း၊   ရပ်ကွက် /  ကျေးရွာများအတွင်း   ပိုးသတ်ဆေးများဖြန်းပေးခြင်း၊   ဒေသန္တာရစည်းကမ်းချက်များ၊  ကျန်းမာရေး ၀န်ကြီးဌာနက ထုတ်ပြန်ထားသော  ညွှန်ကြားချက်များအတိုင်း လိုက်နာမှု ရှိ / မရှိစစ်ဆေးခြင်း အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျှက်ရှိပြီး  အောက်တိုဘာ(၃)   ရက်နေ့အထိ ကာကွယ်ဆေးထိုးနှံပြီးသူ(၃၄၃၀) ထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ထံမှသိရသည်။

ညိုညို၀င်း (စဉ့်ကိုင်)