မကွေးတိုင်းဒေသကြီး Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ နေ့စဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၃၄/၂၀၂၁) ကျင်းပ

မကွေး    အောက်တိုဘာ  

မကွေးတိုင်းဒေသကြီး Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ နေ့စဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၃၄/၂၀၂၁) ကို ယနေ့နံနက် ()နာရီအချိန် က မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ မကွေတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

အခမ်းအနားအတွင် တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ က မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် က အမှာစကား ပြောကြားရာတွင် တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ လျော့နည်းလာပြီ ဖြစ်သော်လည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုပိုမိုထိရောက်စွာ ကာကွယ်နိုင်ရေးအတွက် ကျေးရွာ များအလိုက် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ ရွေ့လျား မိုဘိုင်းယာဉ်များဖြင့် RDT Test Kit စစ်ဆေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများအား အရှိအဟုန်မပျက် ပိုမိုဆောင်ရွက်သွား ကြရန်၊ တိုင်းဒေသကြီးအတွင်း အခြေခံပညာဦးစီးဌာနအောက်ရှိ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် စာသင်ကျောင်းများ ဥပဓိရုပ်ကောင်းမွန်ရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ကြရန်နှင့် နိုင်ငံတော်အစိုးရမှ အသက်(၁၂)နှစ် အထက် အခြေခံပညာအလယ်တန်း၊ အထက်တန်းကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိရာ အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် သွားကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် သက်ဆိုင်ရာခရိုင်များအလိုက် တာဝန်ပေးအပ်ထားသည့် ကော်မတီဝင်များနှင့် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးမှူးတို့က ခရိုင်/မြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအခြေအနေများ၊  တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးမှု အခြေအနေများနှင့် ဆက်လက်ထိုးနှံပေးမည့် အခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် နေ့စဉ် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို လည်းကောင်း၊ တိုင်းဒေသကြီး  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး က ကိုဗစ်-၁၉ ရာဂါ ကာကွယ်ရေးအသိပညာပေးလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်သူများသိရှိနိုင်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးမှုအခြေအနေများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမှုများအား ပြည်သူများသိရှိနိုင်ရေး နှိုးဆော်ပေးမှု အခြေအနေ များကို ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ် က တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလျော့ချရေး လုပ်ငန်းစဉ်များ ဆက်လက်ပြီး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်နှင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးဗဟိုကော်မတီ၏ လမ်းညွှန်ချက်များအား အချိန်နှင့်တစ်ပြေးညီ လိုက်နာဆောင်ရွက် သွားကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်အထက် အခြေခံပညာ အလယ်တန်း၊ အထက်တန်း ကျောင်းသား/သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး အတွက် ကာကွယ်ဆေး ထိုးနှံပေးမည့် နေရာ (၂၄၁)နေရာ၊ ကာကွယ်ဆေးထိုးနှံရေးအဖွဲ့ (၁၆၈) ဖွဲ့၊ အဖွဲ့ဝင်ဦးရေ (၂၈၁၅)ဦးဖြင့် လျာထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုစည်သူ