တောင်သာ အောက်တိုဘာ ၄
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်အတွင်းရှိ သပွတ်ပင် တဲကျေးရွာမှ ကျား(၁၄)ဦး၊မ(၁၇)ဦး၊ မင်းစုရပ်ကွက်မှ မ(၁)ဦး၊ ဘူတာကုန်း ရပ်ကွက်မှ ကျား(၁)ဦးတို့သည်ဖျားနာပြီးအနံ့မရသဖြင့် COVID-19 ရောဂါ သံသယရှိသဖြင့်မြို့နယ်ပြည်သူ့ဆေးရုံ၌ RDT Kit ဖြင့်စစ်ဆေးခဲ့ရာ COVID-19 ရောဂါပိုးတွေ့ရှိခဲ့သည်။
အဆိုပါပိုးတွေ့လူနာ(၃၃)ဦးအား တောင်သာမြို့ပြည်သူ့ဆေးရုံ၊ မင်းစု(အထက)၊ မြို့နယ် အာကာခန်းမ၊ရုံးစည်ကြီးတိုက်နယ်ဆေးရုံ၊ ကျောဇီတိုက်နယ်ဆေးရုံများ သီးသန့်ဆောင်တွင်ဆေးကုသမှုခံယူလျက်ရှိကြောင်းသိရသည်။ တောင်သာမြို့တွင် COVID-19 ရောဂါ ပိုးတွေ့လူနာစုစုပေါင်း(၁၆၈၉)ဦးရှိပြီး ဆေးရုံဆင်းသူ(၁၂၆၃)ဦးနှင့် သေဆုံးသူ(၄၉)ဦးရှိကြောင်းသိရသည်။
ကျော်မျိုးနိုင်(တောင်သာ)