သရက်ချောင်းမြို့ပေါ်ရပ်ကွက်များအတွင်းကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများ အသိပေးနှိုးဆော်

သရက်ချောင်း    အောက်တိုဘာ  ၄

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ကိုဗစ် - ၁၉  ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်ချက်များအရယနေ့ နံနက် (၁၀)နာရီခွဲအချိန်မှစ၍ မြို့ပေါ်ရပ်ကွက်ရှိလူစည်ကားရာလမ်းဆုံနေရာများတွင်ကိုဗစ်-၁၉ ကူးစက်ပျံ့နှံမှုကြိုတင်ကာကွယ်ထိန်းချုပ်ရေး နည်းလမ်းများအားအသံချဲ့စက်ဖြင့် အသိပေး နှိုးဆော်လျက်ရှိကြောင်းသိရသည်။

အဆိုပါ  အသိပညာပေးနှိုးဆော်မှုဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ် ဦးစီးဌာန၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ မီးသတ်ရေ ယာဉ်ဖြင့် လှည့်လည်ကာ မြို့ပေါ်ရပ်ကွက်ရှိလူစည်ကားရာလမ်းဆုံနေရာများတွင် လိုက်လံ နှိုးဆော်ရာ၌နေအိမ်အတွင်း၌သာနေထိုင်ရန်၊ အိမ်တွင် ဧည့်သည်လက်ခံခြင်း လုံးဝမပြုရန်နှင့် မိမိကိုယ်တိုင်လည်းဧည့်သည်အဖြစ်သွားရောက် ခြင်းလုံးဝမပြုရန်၊ နေအိမ်ပြင်ပသို့ မဖြစ်မနေ ထွက်ခွာပါက(Mask)နှာခေါင်းစည်းစနစ်တကျ တပ်ဆင်ရန်၊ သက်ကြီးရွယ်အိုနှင့် နာတာ ရှည်ရောဂါဝေဒနာရှင်များရှိရာ နေအိမ်များသို့ ဝင်ထွက်သွားလာခြင်းဂရုပြုရန်၊ လေဝင်လေ ထွက်မကောင်းသော အခန်းများသို့ သွားရောက်ခြင်းမှ ရှောင်ကျဉ်ရန်၊ တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာ နေထိုင်ကြရန်၊ လူစုလူဝေးရှောင် ရှားကြရန်၊လက်ကို ဆပ်ပြာနှင့်စက္ကန့်(၂၀)ကြာ မကြာခဏ စနစ်တကျဆေးကြောရန်၊ (Mask)နှာခေါင်းစည်းမတပ် ဆင်ထားသောဈေးရောင်းချသူများထံမှ ဈေးမဝယ်ကြရန်၊စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များမှ ပါဆယ်စနစ်ဖြင့်သာ ရောင်းချ ရန်၊ အသုံးပြုပြီးသော(Mask)နှင့်တစ်ခါသုံးပစ္စည်းများကို နေအိမ်အပြင်တွင်စနစ်တကျ စွန့် ပစ်ရန်၊အဝတ်အစားမလဲမီကိုယ်လက်သန့်စင်ခြင်းမပြုမီအိမ်သားများနှင့်အနီးကပ်ရှောင်ကျဉ်ရန်စသည်တို့ကိုအသိပေးကြော်ငြာပေးကြောင်းသိရှိရသည်။

ထို့အပြင်မိမိအနေဖြင့် ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ သွားရောက်၍ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ရောဂါပိုးကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ် နိုင်ရန်မိဘပြည်သူများအနေဖြင့် လည်းကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောညွှန်ကြား ချက်များကိုစနစ်တကျပူးပေါင်းပါဝင်ဆောင် ရွက်ပေးကြရန်တို့ကိုအသိပညာပေးနှိုးဆော် တိုက်တွန်းခဲ့ကြောင်း သိရသည်။

 

သရက်ချောင်း (ပြန်/ဆက် )