ကျိုင်းတုံမြို့နယ်တွင် ဒေသခံပြည်သူများအား ဦးစားပေးအုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆီနိုဖန်း ပထမအကြိမ် ထိုးနှံပေး

ကျိုင်းတုံ  အောက်တိုဘာ ၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင်  ဒေသခံပြည်သူများအာ ဦးစားပေးအုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆီနိုဖန်း ပထမအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့က မြို့ပေါ်ရပ်ကွက် နှင့် ကျေးရွာများတွင် တာဝန်ရှိသူများက ထိုးနှံပေးသည်။

ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှိုင်းမောင်မောင်ကြီးကြပ်၍ ဌာနဆိုင်ရာများ၊ တပ်မတော်သားဆရာဝန်များ၊ ကျန်းမာရေး ဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံပေးခြင်းမပြုမီ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှုပမာဏ တိုင်းတာပေးခြင်းတို့ ဆောင်ရွက်ကာ ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးထိုးနှံပေးရာ လူဦးရေး ၇၁ ဦး   ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသူများအား တာဝန်ရှိသူများက ဆက်လက်ထိုးနှံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)