ကျိုက်ဒုံ အောက်တိုဘာ ၆
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ယနေ့နံနက် (၈) နာရီက (ပြန်/ဆက်)ဝန်ထမ်းများနှင့် မြို့ပေါ်ရပ်ကွက်စာရေးဝန်ထမ်းများက အသံချဲ့စက်ဖြင့် ပိုးကရင်ဘာသာ၊ စကောကရင်ဘာသာ၊ မြန်မာဘာသာဖြင ့်အသိပညာပေ းနှိုးဆော်မှုများ ဆောင်ရွက်ပေးခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးမှုများ ဆောင်ရွက်ရာမှာ ပြည်သူများအနေဖြင့် မိမိနေ အိမ်များတွင်သာ နေထိုင်ကြရန်၊ အရေးကြီးကိစ္စကြောင့် ပြင်ပသို့ ထွက်ခွါပါက နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင် သွားလာကြရန်၊ ပြင်ပမှလာသော ဧည့်သည်များအား လက်မခံပါရန်၊ နှာခေါင်းစည်း မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရန်၊ လူစုလူဝေးပြုလုပ်ခြင်းနှင့် သွားလာခြင်းများကို ရှောင်ကြဉ်ရန်စသည့် အသိပညာပေး နှိုးဆော်ချက်များအား လိုက်လံနိုးဆော် ပေးခဲ့ ကြောင်း သိရသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ)