ဂွမြို့တွင် စာပေချစ်သူများစာပေများ လေ့လာဖတ်ရှုနိုင်ရန်စေရန်ရည်ရွယ်၍ Onlineမှစာအုပ်မိတ်ဆက်ကဏ္ဍ ဆောင်ရွက်

ဂွ အောက်တိုဘာ ၆

 

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် စာပေချစ်သူများနှင့်လူငယ်လူရွယ်များ စာအုပ်စာပေ ဖတ်ရှုလေ့လာမှု ပိုမိုတိုးပွားလာစေရန်၊ အသိပညာဗဟုသုတ တိုးပွားလာစေရန်နှင့်စာအုပ်စာပေမှဘဝ၏တိုးတက်အောင်မြင်မှုများ ရရှိပြီးအချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ဂွမြို့ နယ်ရုံး ဝန်ထမ်းများမှ စာအုပ်မိတ်ဆက်ကဏ္ဍကိုOnline မှတစ်ဆင့်စီစဉ်တင်ဆက်ပေးလျက်ရှိသည်။

 

ထိုသို့ တင်ဆက်ပေးရာတွင် စာဖတ်သူများအကြိုက် စာအုပ်စာစောင်များကို ရွေးချယ်လျက် စာပေချစ်မြတ်နိုးသူများမှ စာအုပ် စာစောင်များကို ဌားရမ်းဖတ်ရှုခြင်းမပြုမီ စာရေးသူမှစာဖတ်သူများသို့ ပေးချင်သည့် စာပေအနှစ်သာရကို ပေါ်လွင်အောင် ဂွမြို့နယ် ရုံးဝန်ထမ်းများက စာအုပ်များနှင့် စာဖတ်သူများကို မိတ်ဆက်ပေးသည့် ကဏ္ဍဖြစ်ကြောင်း သိရသည်။ စာအုပ်မိတ်ဆက်ခြင်း အစီအစဉ်ကို ဂွမြို့နယ်ပြည်သူ့ စာကြည့်တိုက် Pageမှ အပတ်စဉ်ထုတ်လွှင့် ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

 

ရွှေရည်ဝင်းကျော်