မိုင်းဖြတ်မြို့နယ်၌  ကိုဗစ်-၁၉ရောဂါ ပိုးတွေ့အတည်ပြုလူနာ ၂၀ ဦးထပ်မံစစ်ဆေးတွေ့ရှိပြီး သက်သာ၍ဆေးရုံဆင်းသူ ၇ ဦးရှိ

မိုင်းဖြတ်  အောက်တိုဘာ ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ယမန်နေ့က မြို့နယ်ပြည်သူ့ ဆေးရုံရှိ Covid-19 Fever Clinic သို့ ကျန်းမာရေး လာရောက်စစ်ဆေးမှု ခံယူသူ ၇၀ဦးအား RDT Test Kit  ဖြင့်စစ်ဆေးခဲ့ရာ အမျိုးသား(၆)ဦး၊အမျိုးသမီး(၁၄)ဦး၊ ပေါင်း (၂၀)ဦးထံ မှ ကိုဗစ်-၁၉ရောဂါပိုး  စစ်ဆေး တွေ့ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ အတည်ပြုလူနာများမှာ  ဈေးတန်းရပ်ကွက်မှ(၁)ဦး၊ ဝမ်မိုင်ရပ်ကွက်မှ (၃)ဦး၊ မိုင်းဖြတ်ကျေးရွာအုပ်စု၊ဝမ်နောင်ကျေးရွာမှ (၁)ဦး၊ ဝမ်လုံးကျေးရွာအုပ်စု၊ပါညုကျေးရွာမှ (၁၃)ဦး၊  နားမွန်းကျေးရွာမှ (၂)ဦး၊ စုစုပေါင်း (၂၀)ဦးအား RDT Test Kit  ဖြင့်စစ်ဆေးခဲ့ရာ  Covid-19 Positive တွေ့ရှိရကြောင်း၊  အဆိုပါအတည်ပြုလူနာများအား  စျေးတန်း(ကွက်သစ်) ရပ်ကွက်၊ လားဟူ အသင်းတော် ဘော်ဒါဆောင်ရှိ Positive Centre၌ (၄)ဦး၊ဟိုနားကျေးရွာရှိ (RC)ဘုရားရှီးခိုးကျောင်း (ဘော်ဒါဆောင်) Positive Centre၌ (၁)ဦး၊ ၊Home Quarantine ၌ (၁၅)ဦး၊ အသီးသီးထားရှိပြီး ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၊ပိုးတွေ့လူနာများအတွက် နေ့စဉ် စားသောက်ဖွယ်ရာများကို အလှူရှင်များ မှ လှူဒါန်း ပေးလျက်ရှိပြီး လူမှုကူညီရေးအသင်းက လိုအပ်မှု များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်တွင် Covid-19 Positive အတည်ပြုလူနာများ နေ့စဉ်လို ကူးစက်နေ့လျက် ရှိရာ ယနေ့တွင် Covid-19 positive အတည်ပြုလူနာ ၂၀ ဦး ထပ်မံတွေ့ရှိ၍ သက်သာပြီး ဆေးရုံ ဆင်းခွင့်ရှိသူ ၈ ဦးရှိ ကြောင်း၊ ဇူလိုင် ၁ ရက် နေ့ မှ အောက်တိုဘာလ ၅ ရက်အထိ အတည်ပြု လူနာ ပေါင်း ၄၆၂ ဦးထိ စစ်ဆေးတွေ့ရှိရပြီး ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိသူ ဦးရေ ပေါင်း ၃၈၂ ဦး၊ ယနေ့ထိ သေဆုံးလူနာ အမျိုးသမီး (၂)ဦးရှိခဲ့ပြီး၊ ဆေးကုသမှုခံယူလျက်ရှိသူ ၇၈ ဦး ကျန်ရှိ နေသေးကြောင်း သိရသည်။

မိုင်းဖြတ် (ပြန် /ဆက်)