မိုင်းယန်း အောက်တိုဘာ ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ပြည်သူများ လိုက်နာဆောင်ရွက်သင့်သည့် ညွှန်ကြားချက်များ၊ ထုတ်ပြန်ချက်များ သိရှိလိုက်နာဆောင်ရွက်နိုင်ရန်အတွက် လမ်းဆုံနေရာများတွင် ယနေ့ နံနက် ၇ နာရီခန့်က ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါနိုးဆော်ရာတွင် တတ်နိုင်သမျှ အိမ်တွင်း၌သာ နေထိုင်ပါ၊ မဖြစ်မနေအပြင်ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို မဖြစ်မနေ စနစ်တကျ တပ်ဆင်ရန်၊ တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်လုပ်ကိုင်ပါ၊ လက်ကိုစက္ကန့်(၂၀)ကြာ မကြာခဏ စနစ်တကျ ဆေးကြောပါ၊ အသွားအလာ တားမြစ်ပိတ်ပင်၍ သီးသန့်ခွဲခြားနေထိုင်စေခြင်း (Quarantine)လုပ်ငန်းစဉ်များတွင် အပြည့်အဝပူးပေါင်း ပါဝင်ပါ၊ လူစုလူဝေး လုံးဝရှောင်ကြဉ်ပါ၊ ကာကွယ်ဆေးထိုးနှံပြီးသော်လည်း ကာကွယ်ရေး နည်းလမ်းများကို ဆက်လက်လိုက်နာပါ၊ သက်ဆိုင်ရာလုပ်ငန်းကဏ္ဍများအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ထုတ်ပြန်ထားသော လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်ပါ စသည့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို ပြည်သူများ သိရှိလိုက်နာပြီး ပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန် လှည့်လည်နှိုးဆော်ခဲ့ကြောင်းသိရသည်။
အဆိုပါ အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးမှူးဦးရဲထွေးနှင့် ဝန်ထမ်းများမှ ပြည်သူများအတွက် အသိပေး နှိုးဆော်ခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းထူး