ထားဝယ်ခရိုင် ၊ရေဖြူမြို့နယ်တွင် အောက်တိုဘာလ လယ်ရောက်ပြီ ဖြစ်သော်လည်း မိုးရွာနေဆဲဖြစ်သည့်အတွက်ရော်ဘာ အစေး လှီးလုပ်ငန်း ရပ်နားထားရ

ရေဖြူ အောက်တိုဘာ ၁၂

     

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ၊ရေဖြူမြို့နယ်သည် နှစ်ရှည်ရော်ဘာဥယျာဉ်ခြံ စိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုလျက်ရှိရာ အောက်တိုဘာလ လယ်ရောက် သည်အထိ မိုးရွာနေဆဲဖြစ်သည့်အတွက် အစေးလှီးရက်မရသေးပဲ မိသားစုဝင်ငွေ ထိခိုက် လျက်ရှိကြောင်း သိရသည်။

  

လက်ရှိရော်ဘာပေါက်ဈေးနှုန်းအရ ရော်ဘာအစေးပြားတစ်ပေါင်လျှင် ၁၂၀၀ကျပ်၊ ရော်ဘာ အခွက်ချေး တစ်ပိဿာလျှင် ၁၅၀၀/ ၁၆၀၀ကျပ်အထိ ဈေးဖွင့်ကာစတင်ဝယ်ယူနေကြောင်း သိရပြီး  ပြီးခဲ့သည့်နှစ်က ရာသီအဖွင့်ဈေးမှာ အစေးပြားတစ်ပေါင်လျှင် ၇၀၀ ကျပ်ဝန်းကျင် ရှိပြီး ရာသီပိတ်ချိန်နီးတွင် ၉၀၀ ကျပ်ဖြင့် ရောင်းချခဲ့ရသည်။

   

ယခုနှစ်ရာသီအစတွင် ဈေးကောင်းသဖြင့် ရော်ဘာခြံရှင်များ၊အစေးလှီးအလုပ်သမားများ လုပ်ငန်းစတင်ရန် အရှိန်ယူလုပ်‌​ဆောင် ရွက်နေကြသော်လည်း မိုးဆက်တိုက်ရွာနေသဖြင့် အစေးလှီးရက် အနည်းငယ်သာ ရသေးကြောင်းသိရသည်။

    

"လက်ရှိဒီဈေးအတိုင်းဆိုရင် အတက်ဘက်ကို ဦးတည်လျှက်ရှိတာကြောင့် ဝီရိယစိုက် အားထုတ်ကာ လုပ်ချင်ပေမယ့် မိုးရွာတော့ အပင်စိုရင် အစေးလှီးမရကြောင်း၊ညဘက်ဆို‌​နေ့ တိုင်းရွာ‌န‌​တော့ မိသားစုဝင်ငွေထိခိုက်ကာ အခက်အခဲတွေ့ကြောင်း" ခြံရှင် တစ်ဦး ၏​ပြောကြားချက်အရသိရသည်။

​ရေဖြူ (ပြန်/ဆက်)