အောင်မြေသာစံမြို့နယ်တွင် တတိယအသုတ် ပထမအကြိမ်အဖြစ် အသက်(၁၈)နှစ်နှင့်အထက် ရှိ ပြည်သူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

မန္တလေး အောက်တိုဘာ ၁၂

 

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် တတိယအသုတ် ပထမအကြိမ်အဖြစ် အသက်(၁၈) နှစ်နှင့်အထက်ရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက်၈နာရီက မြို့နယ်အတွင်းရှိ ဆေးထိုးစုရပ်နေရာများ၌ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှ သူနာပြုဆရာမများက ထိုးနှံပေးကြသည်။

 

အောင်မြေသာစံမြို့နယ်၌ ဆေးထိုးစုရပ်နေရာများဖြစ်သော ဒေါနဘွားရပ်ကွက်မုန်တိုင် ဓမ္မာရုံ၌ (၈၀၀)ဦး၊ အမရဌာနီ အရှေ့ရပ်ကွက်၊ ဒေါ်ဖီဓမ္မာရုံ၌ (၅၇၀)ဦး၊ ပြည်ကြီးရန်လုံရပ်ကွက် ကိုးခန်း ဓမ္မာရုံ၌ (၈၀၀)ဦး၊ ပြည်ကြီးကျက်သရေ အနောက် ရပ်ကွက်၊ ရွှေကျီးမြင်ဘုရားရှိ ရွှေကျီးနား ဓမ္မာရုံ၌ (၆၅၀)ဦး၊ အမရဌာနီအရှေ့ရပ်ကွက်၊ ထားဝယ်ဓမ္မာရုံ၌ (၆၈၅)ဦး၊ စုစုပေါင်း (၃၅၀၅)ဦးတို့ကို ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm)ဆေးအား ထိုးနှံပေးခြင်းဖြစ်သည်။

 

အဆိုပါ ကာကွယ်ဆေးထိုးပေးရာသို့ အောင်မြေသာစံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ များမှဦးစီးမှူးများ၊ သက်ဆိုင်ရာရပ်ကွက်များမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အရန်မီးသတ်တပ်ဖွဲ့ဝင်များက လိုအပ် သည်များကို ဝိုင်းဝန်း ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ဇော်လင်းဦး(အောင်စံ)