တံတားဦးမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) တတိယအကြိမ် (ပထမအသုတ်) စတင်ထိုးနှံပေးလျက်ရှိ

တံတားဦး ၊ အောက်တိုဘာ ၁၂

ကျောက်ဆည်ခရိုင် တံတားဦးမြို့  အမှတ်(၃)ရပ်ကွက် ၊ သုခိတ ကမ္ဘောဇဗိမာန် ၊ တံတားဦးမြို့နယ် တိုက်နယ် ဆေးရုံများနှင့်  ကျေးလက် ကျန်းမာရေးဌာနတို့တွင် စုရပ်အဖြစ်သတ်မှတ်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးထိုးနှံရန် ကျန်ရှိသည့် အသက်(၁၈)နှစ်အထက် ပြည်သူများကို ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ ရှင်ဝန်ထမ်းများက ယနေ့နံနက်(၉)နာရီအချိန်တွင်  တတိယအကြိမ် (ပထမ အသုတ်)ကို စတင် ထိုးနှံပေးလျက်ရှိကြောင်းသိရသည် ။

 

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့်  မြို့နယ် ကျန်းရေးဦးစီးဌာန မြို့နယ် ဆရာဝန်ကြီးနှင့် ဝန်ထမ်းများ ၊ မြို့နယ်အဆင့်ဌဦနဆိုင်ရာများနှင့် လူမှုရေးအသင်း အဖွဲ့များ ပူးပေါင်း၍  ကာကွယ်ဆေးလာရောက်ထိုးနှံသည့် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ လက်သန့်ဆေးရည်ဖြင့် လက်ဆေးစေခြင်း ၊ ကိုယ်အပူ ချိန်တိုင်းတာပေးခြင်း ၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း ၊ နှာခေါင်းစည်း (Mask) စနစ်တကျတပ်ဆင်စေခြင်း ၊ ဆေးမထိုးရအုပ်စု မှန်မမှန် စိစစ်ပြီး ကာကွယ်ဆေးထိုးနှံပေးခြင်း ၊ ဆေး၏ဘေးထွက် ဆိုးကျိုးလက္ခဏာများ တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက  အရေးပေါ် တုန့်ပြန်နိုင်ရန်အတွက် မိနစ်(၃၀)ခန့် အကြာ စောင့်ကြပ်ကြည့်ရှုခြင်းများ ဆောင်ရွက် ပေးကြသည် ။

 

တံတားဦးမြို့နယ်အနေဖြင့် ယနေ့ထိုးနှံပေးသော ကာကွယ်ဆေးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ် သော (Sinopharm) အမျိုးအစားဖြစ်ကြောင်း အဆိုပါကာကွယ်ဆေးကို နေ့စဉ် နံနက်(၉)နာရီမှ နေ့လည် (၂)နာရီထိ  အသက်(၁၈)နှစ်ထက် ပြည်သူများ ၊ သံဃာတော်များ ၊ ဝန်ထမ်းများကို ကိုဗစ်-၁၉ ကာကွယ ဆေးများ တတိယအကြိမ်(ပထမအသုတ်) ဆက်လက်ထိုးနှံပေးသွားဖြစ်ကြောင်း မြို့နယ်ကျန်းရေး ဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမြင့်ဦးက ပြောပြ၍သိရသည် ။

 

ရဲတင့်(တံတားဦး)