သဲကုန်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြာများအား ကျေးရွာများအရောက် ကွင်းဆင်း၍ နေ့ချင်းပြီးဆောင်ရွက်ပေး

သဲကုန်း အောက်တိုဘာ ၁၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးက “ပန်းခင်းစီမံချက်” ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကျေးရွာများအရောက် ကွင်းဆင်း၍ နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က သဲကုန်းမြို့နယ်၊ ဗြဟ္မာ့အင်း ကျေးရွာအုပ်စုမှ အသက်(၁၆)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်ဘူးခြင်း မရှိသေးသူ(၂၁၃)ဦးအား မြို့နယ်လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းထွဋ်နှင့် ဝန်ထမ်းများက ကွင်းဆင်း၍ နေ့ချင်းပြီးဆောင်ရွက်ပေးလျှက်ရှိပြီး ကျေးရွာပြည်သူများအား အသိပညာပေး လက်ကမ်း စာစောင်များ ဝေငှပေးခဲ့သည်။

သဲကုန်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနအနေဖြင့် “ပန်းခင်းစီမံချက်” ဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်(၁၄)ရပ်ကွက်၊ ကျေးရွာအုပ်စု (၄၉)အုပ်စုရှိ နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသည့် အသက်(၁၆)နှစ် အထက်နှင့် အသက်(၁၈)နှစ် အထက် လူဦးရေ (၅,၅၉၈)ဦးတို့ကို မေလ ၃ ရက်နေ့မှ စတင်၍ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့အတွင်း အပြီးဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သဲကုန်းမြို့ နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းထွဋ်ထံမှသိရသည်။

နိုင်လင်း(ပြန်/ဆက်)