မင်းလှမြို့တွင် ကိုဗစ်ရောဂါကူးစက် မှုလျော့ကျလာသဖြင့် မြို့မဈေးကြီးပြန်လည်ဖွင့်လှစ်

မင်းလှ အောက်တိုဘာ ၁၂

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှု လျော့ကျလာသဖြင့် မြို့မဈေးကြီးအား အောက်တိုဘာ ၁၂ ရက်နေ့ နံနက် ၆ နာရီမှစတင်၍  ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးမှသိရသည်။

မြို့မဈေးဖွင့်လှစ်ရောင်းချရာတွင် ဈေးရောင်းချသူ/ဈေးဝယ်ယူသူများအနေဖြင့် နံနက်(၆) နာရီမှ နေ့လည် (၁၂) နာရီထိ ဈေးရောင်းဝယ်ရန်သတ်မှတ်ထားပြီး၊ ဈေးရောင်းချသူများ တစ်ဦးနှင့်တစ် ဦး(၆)ပေအကွာမှ ရောင်းချရန်နှင့် ခပ်ခွာခွာမှဈေးဝယ်ရန်နှင့် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ရောင်းဝယ်ရန် စည်းကမ်းချက်များ ထုတ်ပြန်ထားပြီး လိုက်နာမှုမရှိပါက တည်ဆဲဥပဒေနှင့် အညီအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ သား၊ ငါး၊ ဟင်းသီး ဟင်းရွက် ကုန်စိမ်းဈေးသည်များအား မူလယာယီဈေးဖွင့်လှစ်ခွင့်ပြု ထားသည့် အ.ထ.က မင်းလှ (မြို့တွင်း) ဘောလုံးကွင်းနေရာတွင် နံနက်(၅)နာရီမှ နေ့လည်(၁၂)နာရီအထိ ဖွင့်လှစ်ရောင်းခွင့် ပြုထားကြောင်းသိရသည်။

မင်းလှမြို့နယ်တွင်ကိုဗစ်-၁၉ ရော ဂါကူးစက်မှုများဖြစ်ပေါ်လာခဲ့သဖြင့် ဇူလိုင်လ ၃ ရက်နေ့မှစ၍ ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အဓိကလူစည်ကားရာ နေရာဖြစ်သည့် စည်ပင်သာယာရေးအဖွဲ့ပိုင်ဈေးအား ယာယီပိတ်သိမ်းထားခဲ့ကြောင်းသိရသည်။

ပေါက်စ မင်းလှ