သဲကုန်း အောက်တိုဘာ ၁၂
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊သဲကုန်းမြို့၌ အသက်(၁၂)နှစ်ပြည့်ပြီးသော အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများကို Phase 3 (OCT-NOV) First Dose အစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့က သဲကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
အဆိုပါကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများအတွက် သဲကုန်းမြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ကကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ပြီး သက်ဆိုင်ရာဌာနများပါဝင်ကာ ဆေးထိုးအုပ်စု (၅)အုပ်စုဖြင့် ဆေးထိုးစုရပ်(၅)ခုတို့တွင်သတ်မှတ် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၄၂၁၅)ဦးတို့အား ထိုးနှံပေးသွားမည် ဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပေးမည့်အစီအစဉ်၌ သဲကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေးက ဥက္ကဋ္ဌအဖြစ်တာဝန်ယူပြီး သဲကုန်းမြို့နယ်ပညာရေးမှူးမှ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကာ ဆေးထိုးပေးခြင်းလုပ်ငန်းများကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ပြီး သဲကုန်းမြို့နယ်ရှိ အထက(သဲကုန်း)၊ အထက(ပုတီးကုန်း)၊ အ.ထ.က (အင်းမ)၊ အ.ထ.က(ဝက်ပုတ်)၊ အ.ထ.က(ဆင်မြီးဆွဲ)တို့တွင် ဆေးထိုးစုရပ်များသတ်မှတ်၍ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်လင်း(မြို့နယ်ပြန်/ဆက်)