ရွှေသောင်ယံ အောက်တိုဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် အသက်(၅၅)နှစ်နှင့် အထက်ပြည်သူ များအား (ဒုတိယအကြိမ်)ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက်မှ စတင်၍ ရွှေသောင်ယံ မြို့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက အ.ထ.က (ရွှေသောင်ယံ) ကျောင်းဝန်းအတွင်းရှိ ဆေးထိုးစုရပ်၌ စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် ပြည်သူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းနှင့် ကာကွယ်ဆေး ထိုးမှတ်တမ်းရေးသွင်းခြင်းများ ဆောင်ရွက်ပေးပြီး ကျန်းမာရေးကောင်းမွန်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ဒုတိယ အကြိမ် စနစ်တကျ ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို မြို့အထွေထွေအုပ်ချုပ်ရေးစီးဌာနဦးစီးမှူး ဦးစိုင်းနော်နော် ကြီးကြပ်မှုဖြင့် မြို့ကျန်းမာရေး တာဝန်ရှိသူများ၊ မီးသတ်ဦးစီးဌာနဝန်ထမ်းများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မေကြည်(ပြန်/ဆက်)