ဝါးခယ်မမြို့နယ်တွင် အသက်(၅၅)နှစ် အထက်ပြည်သူများအားကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ပထမအကြိမ်)ထိုးနှံပေး

ဝါးခယ်မ  အောက်တိုဘာ  ၁၄

ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် အသက်(၅၅)နှစ် အထက်ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ယမန်နေ့နံနက်(၉)နာရီမှစတင်၍ သတ်မှတ်စုရပ်များဖြစ်သည့် ဝါးခယ်မမြို့၊ ကျုံမငေးမြို့၊ ရွှေလောင်းကျေးရွာ၊ ကျွန်းကုန်းကျေးရွာတို့၌ (ပထမ အကြိမ်)ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဖြစ်သည့် တရုတ်နိုင်ငံထုတ် Sinophram အမျိုးအစားကာကွယ်ဆေးများကို မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက အသက်(၅၅)နှစ်အထက် ပြည်သူများကို သတ်မှတ်စုရပ်များအလိုက် ကာကွယ်ဆေးထိုးပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစွမ်းထက်နှင့် အဖွဲ့၀င်များ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များမှ လာရောက်၍ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ ယမန်နေ့က အသက်(၅၅)နှစ်အထက် ပြည်သူ(၁၅၀၀)ဦးအား သတ်မှတ်စုရပ်များအလိုက် ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့ပြီး ဆေးထိုးရန်ကျန်ရှိနေသော ပြည်သူများကိုလည်း ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

စောသန္တာဦး