ငပုတော အောက်တိုဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းနှင့် အလယ်တန်းကျောင်းသား/သူ များအားကို ဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနိုင်ရန်အတွက် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ကြောင်းသိရသည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက အသက် (၁၂)နှစ်ပြည့်ပြီး (၁၈)နှစ်အောက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ဌာနဆိုင်ရာများက ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်နှင့် ကျောင်းသားမိဘများ သိရှိနိုင်ရန်အတွက် အသိပညာပေး စည်းရုံးဆောင်ရွက်ရန်၊ မိဘအုပ်ထိန်းသူများ၏ သဘောတူခွင့်ပြုချက်ရယူပြီးမှသာ ဆေးထိုးပေး မည်ဖြစ်ကြောင်းနှင့် ကာကွယ်ဆေးထိုးမည့် စုရပ်နေရာများ သတ်မှတ်ပြင်ဆင်ဆောင်ရွက်နိုင်ရေး ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ ငပုတောမြို့နယ် ပညာရေးမှူး စောဟင်နရီက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရမည့် ကျောင်းသား/သူများအား စာရင်းကောက်ယူခြင်းနှင့် ဆေးထိုးမည့် အစီအစဉ်များအား ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှတဆင့် ကျောင်းသားမိဘများ ကိုကာကွယ်ဆေးထိုးနှံကြရန် စည်းရုံးခြင်းများ ဆောင်ရွက်ပေးကြရန် တင်ပြဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ကော်မတီဝင်များ ကဆောင်ရွက်ရမည့် လုပ်ငန်းလိုအပ်သည်များကို ဆွေးနွေးခဲ့ကြောင်းသိရသည်။
နှင်းယုမော် (ပြန်/ဆက်)