ကျောက်တလုံးကြီး အောက်တိုဘာ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်ရေးအတွက် ပြည်သူများအား သိရှိလိုက်နာ ဆောင်ရွက်ရမည့် အချက်များအား ယနေ့ နံနက် ၈ နာရီခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက Hand Speaker ဖြင့်ကျောက်တလုံးကြီးမြို့ပေါ် ရပ်ကွက်များတွင် ဘာသာစကား(၂)မျိုးဖြင့် လိုက်လံအသိပေးနိုးဆော် ခဲ့သည်။
ထိုသို့အသိပေးနိုးဆော်ရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ရန်အတွက် တတ် နိုင်သမျှမိမိအိမ်တွင် နေထိုင်ကြရန်၊ မိမိအိမ်တွင်ပြင်ပမှလာသောဧည့်သည်များ လက်မခံရန်နှင့် မိမိက လည်း အခြားသူထံသွားရောက်ခြင်းမပြုကြရန်၊ မဖြစ်မနေအိမ်ပြင် ထွက်ပါက နှာခေါင်းစည်း(Mask) မပျက်မကွက် တပ်ဆင်ရန်၊ လူစုလူဝေးရှောင်ကြဉ်ရန်၊ လူအချင်းချင်း ပြောဆိုရာတွင် ခြောက်ပေအကွာမှ ပြောဆိုကြရန် အရာဝတ္တုတစ်ခုခု ကိုင်သွယ်ပြီးတိုင်း၊ ထိတွေ့ပြီးတိုင်းလက်ကိုဆပ်ပြာဖြင့် အနည်းဆုံး စက္ကန့်(၂၀)ကြာအောင် စနစ်တကျဆေးကြောရန်၊ လက်မဆေးဘဲနှာခေါင်း၊ပါးစပ်၊မျက်စိတို့ကိုပွတ်သပ်ခြင်း၊ ကိုင်တွယ်ခြင်းမ ှရှောင်ကြဉ်ရန်၊ အများတကာနှင့် တွေ့ဆုံတိုင်း၊ အပြင်ကပြန်လာတိုင်း ပါးစပ်နှာခေါင်းစည်း (Mask) အိမ်အပြင်တွင်စနစ်တကျစွန့်ပစ်၍ အဝတ်အစားမလဲမီ၊ ကိုယ်လက်သန့်စင်ခြင်း မပြုလုပ်ရသေးမီ အိမ်သားများနှင့်အနီးကပ်မထိတွေ့ကြရန်၊ သက်ကြီး ရွယ်အိုများနှင့် ဆီးချို၊သွေးတိုး၊ နှလုံးရောဂါ အခံရှိသူများ ရောဂါကူးစက်မိပါဝေဒနာ ပြင်းထန်းစွာ ခံစားရပြီး အသက်အန္တရာယ်ထိခိုက်နိုင်သဖြင့်ဂရုပြု နေထိုင်ကြရန်၊ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ပြည်သူများအားလုံးပူးပေါင်း ပါဝင်ဆောင် ရွက်ကြရန် ကျောက်တလုံးကြီးမြို့ ၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက မြို့ပေါ် ရပ်ကွက်များတွင်မြန်မာ၊ပအိုဝ်းဘာသာစကား(၂)မျိုးဖြင့် လှည့်လည် နှိုးဆော်ခဲ့ကြောင်း သိရသည်။
မြဝင်း(ကျောက်တလုံးကြီး)