မိုင်းစံမြို့တွင် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ

မိုင်းစံ  အောက်တိုဘာ  ၁၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းစံမြို့အခြေခံပညာ အထက်တန်းကျောင်းတွင် ပညာသင်ယူလျက်ရှိသော အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ယနေ့ နံနက်(၉)နာရီအချိန်က  အခြေခံပညာအထက်တန်းကျောင်း၌ ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinovac)များကို ပထမ အကြိမ်အဖြစ် ထိုးနှံပေးခဲ့သည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံသည့် အသက်(၁၂)နှစ် အထက် ကျောင်းသားကျောင်းသူများအား မြို့အုပ်ချုပ်ရေး မှူးဉီးနိုင်လင်းမှ အနီးကပ်ကြည့်ရှုကာ ကျန်းမာရေးဝန်ထမ်းများ၊   ပညာရေးဌာနမှ ဆရာ၊ ဆရာမများက ကာကွယ်ဆေးမထိုးမီ ကျောင်းသား၊ ကျောင်းသူများ၏ မိဘ အုပ်ထိန်းသူ ခွင့်ပြုချက်ရယူခြင်း၊ စာရင်းရေးသွင်းခြင်း၊ အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့် သွေးတွင်းအောက်ဆီဂျင် တိုင်းတာ ခြင်းများ ပြုလုပ်ပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။ ထို့နောက် ကာကွယ်ဆေးထိုးနှံပြီးသူ ကျောင်းသားကျောင်းသူများအား မိနစ်(၃၀)ခန့် အနားယူစေပြီး ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရှိရသည်။

ခင်ချို