မန်ကန် အောက်တိုဘာ ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မန်ကန်မြို့တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအတွက် ယနေ့ နံနက် ၈ နာရီ အချိန်က မန်ကန်မြို့ မြို့ဝင်ဂိတ်တွင် ဖြတ်သန်းသွားလာသော ကုန်တင်မော်တော်ယာဉ် များအား စစ်ဆေးမှုများပြုလုပ်ခဲ့သည်။
အဆိုပါ စစ်ဆေးမှုများ ပြုလုပ်ရာတွင် မြို့စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများပူးပေါင်းပါဝင်ပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအတွက် မူးယစ်ဆေးဝါးများ ကူသန်းရောင်းဝယ်မှု မရှိစေရေးနှင့် စိတ်ကြွဆေးဝါးများသုံးစွဲမှု ပပျောက်စေရန်ရည်ရွယ်၍ မန်ကန်မြို့ မြို့ဝင်ဂိတ်တွင် ဖြတ်သန်းသွားလာသော မော်တော်ယာဉ်များ၊ ကုန်တင်ယာဉ်များအား စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ စစ်ဆေးမှုများပြုလုပ်ရာတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ တင်ဆောင်လာသော မော်တော်ယာဉ်များ မတွေ့ရှိရသေးကြောင်းနှင့် စစ်ဆေးမှုများကို အခါအားလျော်စွာ ပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ရဲတပ်ဖွဲ့များထံမှ သတင်းရရှိသည်။
ကျော်ဇင်ထက်
(ပြန်/ဆက်)